အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မရမ်းကုန်း မေ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊  အလုံမြို့နယ်  ​ကမ်းနားလမ်းနှင့် အလုံလမ်း​ထောင့်တွင် ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ​နေသည့် ​​မော်​တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်​ ဖြတ်သန်းသွားလာသည့် ယာဉ်အစီ ၅၀ စီးအား  ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာအချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များကို စစ်​ဆေးပြီး ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း များကို သိရှိလိုက်နာစေရန် အသိပညာပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)