ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ
May 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့၌ ယနေ့ နံနက် ၉ နာရီအချိန် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တိုင်းပညာရေးမှူး ဆရာကြီးနှင့် ဆရာ/ ဆရာမများ ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြသည်။