ဒုတိယဝန်ကြီး ဦးဝင်းရှိန် တောင်ကြီးမြို့တွင် ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရေဘေးသင့်အာမခံ အလုပ်သမားများကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် ပြည်နယ်လူမှုရေးရာဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခြင်း၊ အလုပ်ခွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံ နှင့်အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။