သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများအား (အခမဲ့)ကွင်းဆင်းဆေးကုသ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍
ဇီးကုန်းမြို့နယ် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ဆက်လက်ထိုးနှံ
Jun 06,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ကလည်း အခြေခံပညာကျောင်းများတွင် ဆေးထိုးစုရပ်များခွဲ့၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကျိုက်ဒုံမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူ(၂၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 06,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jun 06,2022
အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ပြီး “အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း”
လှိုင်းဘွဲမြို့နယ် ထားသိမ်ကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jun 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ထားသိမ်ကျေးရွာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစင်တာ ဟိတဓရ‌ဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများကဦးဆောင်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဖွင့်ပွဲကို ယမန်နေ့က ထားသိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
ပေါက်ခေါင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဝါးလက်မှုပညာ သင်တန်းဆင်းပွဲပြုလုပ်
Jun 06,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သောပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍
ပတ်ဝန်းကျင်ဆိုင်ရာစီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 06,2022
ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအသိအမြင်များ တိုးပွားလာစေပြီး နေထိုင်မှုပုံစံနှင့် အတွေးအခေါ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် တစ်ခုတည်းသောကမ္ဘာမြေ ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ​ လျှပ်စစ်သံဂဟေဆက်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီက မြို့နယ် ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။