ဇီးကုန်းမြို့နယ် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ဆက်လက်ထိုးနှံ

ဇီးကုန်း ဇွန် ၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ကလည်း အခြေခံပညာကျောင်းများတွင် ဆေးထိုးစုရပ်များခွဲ့၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆေးထိုးစုရပ်များသတ်မှတ်ကာ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၄)ဖွဲ့ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinophram)ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရာတွင် အ.မ.က-မူလွန် (ရေတာရှည်)နှင့် အ.လ.က(ဘုရားပျို)တွင် ၂၇၅ ဦး၊ အ.လ.က(သပြေစိန်) နှင့် အ.မ.က(စိန်ဘုံသာ) တွင် ၃၂၄ ဦး၊ အ.မ.က-မူလွန် (သံပုရာကုန်)နှင့် အ.လ.က(ထန်းတပင်)တွင် ၂၃၉ ဦး၊ အ.မ.က (ဂုံးလမ်း)နှင့် အ.မ.က(ရွာမ)တွင် ၂၇၅ ဦး၊ စုစုပေါင်း ၁၁၇၄ ဦးအား မိဘများ၏ သဘော တူညီမှုနှင့်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသားကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာ အုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ