ကွမ်းခြံကုန်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ယမန်နေ့က ဆူကလပ်ကျေးရွာသို့ကွင်းဆင်း၍ ပြည်သူများအား (အခမဲ့)ဆေးကုသခဲ့ကြောင်း သိရသည်။ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝေဝေစိုးက ကျန်းမာရေးအသိပညာပေးအကြောင်း ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဆရာမများက ပြည်သူများအား တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ ဇက်ကျီးပေါင်း၊ အကြောတက်ကိုက်ခဲခြင်း၊ ထိခိုက်ဒဏ်ရာ၊ လေငန်းလေဖြတ်ရောဂါ၊ ထုံနာကျင်နာ၊ ယားယံနာ၊ အိပ်မပျော်ခြင်း၊ မီးယပ်မမှန်ခြင်းနှင့် နှလုံးရောဂါစသည့်လူနာ(၇၇)ဦးတို့ကို (အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (IPRD)