သတင်းများ

ဒေးဒရဲမြို့၌ အသက်ကယ်အင်္ကျီ ဝတ်ဆင်အသုံးပြုနည်း လက်တွေ့ပြသ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် မြစ်၊ ချောင်းအင်းအိုင် ပေါများသည့် ဒေသဖြစ်သည့် အလျောက် ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိရာ မိုးကြိုကာလ သဘာဝဘေးအန္တရာယ်များနှင့် ရေယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အသက်ကယ်အင်္ကျီ လက်တွေ့ဝတ်ဆင်သရုပ်ပြခြင်းကို ယနေ့ နံနက် (၁၀)နာရီက ကမ်းနားလမ်းတလျှောက်ရှိ​ သင်္ဘော ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာ သင်ကြား
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ မေလ(၁၂)ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သီးနှံဧကများ အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ် ဝက်ဆူကျေးရွာအုပ်စု တံခွန်တိုင် ကျေးရွာ၊ လိပ်ချောင်းကျေးရွာအုပ်စု လိပ်ချောင်းကျေးရွာ၊ ဒယ်ကုန်ကျေးရွာနှင့် ခြံကွင်းကျေးရွာ သို့ ယမန်နေ့လယ်ပိုင်းက သီးနှံပင်များ ဧကများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ နှင့် တွေ့ဆုံခဲ့သည်။
ဖျာပုံမြို့ ၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်စိုက်ထူ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပညာရေးဌာနက ဦးဆောင်၍ ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင်ယူအခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။
ပန်းတနော်မြို့၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဆိုင်းဘုတ် စိုက်ထူး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက  ပန်းရွှေဝါပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့တွင် စိုက်ထူခဲ့ကြသည်။
ပြည်သူများ စာပေဖတ်ရှုမှု တိုးပွားစေရန် ကျုံပျော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲကျင်းပ
May 12,2022
ပြည်သူများ စာပေဖတ်ရှုမှုတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကျုံ ပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ငပု​တောမြို့နယ် ဂုံညင်းတန်း-လေးလောင်းရွာ ချင်းဆက်တံတား ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ  ကွင်းဆင်းကြည့်ရှုစစ်​ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဂုံညင်းတန်း-လေးလောင်းရွာချင်းဆက် တံတား အသစ်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူနှင့် အဖွဲ့ဝင် (၂) ဦးသန်းဦးသည် ယမန်နေ့ ညနေတွင် ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြကြောင်း သိရသည်။