အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့် လမ်းသွား လမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့သည်။ အဆိုပါ Mask Campaign ပြုလုပ်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များဖြင့် ဈေးရောင်းဈေဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နှင့် အညီ Mask ပုံမှန်တပ်ဆင်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။