မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် သစ်စိမ်းစိုက်ပျိုးရေးကွင်းဆင်း ဆောင်ရွက်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်စိုက်ပျိုးရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၃၅) ဧကစိုက်ခင်းများအား မေလမှစတင်ပြီး အကျိုးဆောင်တောင်သူများ၊ ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။