သတင်းများ

ကော့မှူးတွင် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်း‌တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
Jan 16,2025
စားသုံးသူများ လုံခြုံမှုရှိစေရေးဟူသော စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်း‌တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။
လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးမှု အကျိုးခံစားခွင့်ထုတ်ပေး
Jan 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝမ်ဟီးအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ 
Jan 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်း၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jan 16,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စာရေးဆရာ​မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 16,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း၌ ယနေ့ မွန်းလွှဲပိုင်းက  စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သပြေတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။