မုံရွာ ဇန်နဝါရီ ၁၆
စားသုံးသူများ လုံခြုံမှုရှိစေရေးဟူသော စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းက သင်တန်းဖွင့်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြများက ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အခြေခံအချက်အလက်များအကြောင်း၊ လူသုံးကုန်ပစ္စည်းဆိုင်ရာ ကာကွယ်ရန်အချက်အလက်များနှင့် တိုင်ကြားမှု ဖြေရှင်းညှိ့နှိုင်းဆောင်ရွက်ခြင်းများအကြောင်း၊ ဝန်ဆောင်မှုဆိုင်ရာ ကျင့်သုံးရမည့်စနစ်များအကြောင်းတို့ကို ဆွေးနွေးပို့ချပေးခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)