ကော့မှူးတွင် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းကပြောကြားရာတွင် ဌာနပိုင်မြေပေါ်ကျူးကျော်မှုမရှိစေရေး၊ လမ်းနယ်နိမိတ်ကျူးကျော်မှုရှိမရှိစစ်ဆေးရန်၊ ဌာနဆိုင်ရာများအနေဖြင့် အစည်းအဝေးကို မပျက်မကွက်တက်ရောက်ကြရန်၊ နေ့ကြီးရက်ကြီးအခမ်းအနားများကို ဌာနအကြီးအကဲကိုယ်တိုင်တက်ရောက်ပေးကြရန်၊ စိုက်ပျိုးရေးကဏ္ဍနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ကြရန်စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ