သတင်းများ

ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး(၁)ဦးအား ငွေကျပ် (၁၅)သိန်း ထောက်ပံ့ငွေပေးအပ်
May 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး (၁)ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းနှင့် သက်ကြီးဘိုးဘွားများအား အလှူငွေနှင့် လူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ကလောမြို့မဟာဆေးဝင်္ဂဘာ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက် အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
May 12,2022
လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်ရှိ အထက(ခိုလမ်) ကျောင်း၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တမူးမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ဗောဓိတောရကျောင်းတိုက်နှင့် တမူး-ဟဲဇင်းကျေးရွာ လမ်းဘေးဝဲယာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
May 12,2022
“Only One Earth” တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ်နှင့် အညီ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက သံတွဲမြို့၊ ဒါးသွေး​ကျောက်တောင် ဘုန်းတော်ကြီးဝန်း၌ ကျင်းပရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တက်ရောက်သစ်ပင်စိုက်ပျိုးပေးခဲ့သည်။
မိတ္ထီလာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ စီစဉ် ဆောင်ရွက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန်က နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၌ ကျင်းပကြောင်း သိရသည်။
သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပရာ ဆရာကြီးအေးကြူ၏ မြန်မာဆိုတာဘာလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
လင်းခေးတွင် သဘာဝစိမ်းလန်းစိုပြေရေးနှင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပတ်စဉ်သန့်ရှင်းရေး စု‌ပေါင်းလုပ်အားပေးဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် သဘာဝစိမ်းလန်းစိုပြေရေးနှင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယမန်နေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ ပန်ဝေါင်အခြေခံ ပညာ အလယ်တန်းကျောင်း ပုရိဝုဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။