သတင်းများ

မြောင်းမြမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များကို နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို မြောင်းမြမြို့၊ စကြာသီဟ၊ စကြာနန္ဒဓမ္မာရုံကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်က အဆိုပါ စာဖြေဌာန ဓမ္မာရုံကြီးတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော် (၃၀)ပါး၊ ဓမ္မာစရိယ စာဖြေသံဃာ (၆၁)ပါး၊ ပါဠိပထမပြန်စာဖြေသံဃာ (၁၉၇)ပါး၊ စုစုပေါင်း (၂၈၈)ပါးတို့အား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်(၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး
May 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ Excel Software ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ အ.ထ.က(၆) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ အ.ထ.က(၆)ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့တွင် Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်း တက်ရောက်နေကြသော ဆရာ/မများနှင့် တွေ့ဆုံပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ အ.ထ.က(၅)ကျောင်းသို့ ရောက်ရှိခဲ့ပြီး အမျိုးသားခန်းမဆောင်၌ Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်းသို့ တက်ရောက်လာကြသော ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
May 12,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
သာပေါင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက် စိုက်ပျိုးပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ ကွင်းအမှတ် ၇၁၅ B တောင်သူ ဦးဟန်ဇော်ထွန်း ၄၀/၆၊ ဦးသန့်ဇင် ၄၂/၃ တို့၏ လယ်မြေတို့တွင် ကြဲပက်သရုပ်ပြခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အလွယ်တကူ စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာကြစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ မောင်မယ်သစ်လွင် ကြိုပွဲအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။