သတင်းများ

၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ(မွမ်းမံ)သင်တန်းဖွင့်လှစ်
May 12,2022
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကျင်းပ
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲကျင်းပ
May 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ခေါင်းတုတ်ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရတော်မူသော " "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက လယ်လှကုန်းကျေးရွာ ပန်းဆေးကန်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည်
May 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ အရိပ်ရပျိုးပင်စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးရှိ ပန်းဆေးကန်ဘုရားကွင်းပြင်တွင် အရိပ်ရသစ်ပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်မော်ထံမှ သိရသည်။
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်
May 12,2022
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅ )နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)နှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအစည်းအဝေးတက်ရောက်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို မေလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်း
May 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 12,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်‌လေးများ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာ‌အုပ်စာပေများကို