သာပေါင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက် စိုက်ပျိုးပွဲကျင်းပ

သာပေါင်း မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ ကွင်းအမှတ် ၇၁၅ B တောင်သူ ဦးဟန်ဇော်ထွန်း ၄၀/၆၊ ဦးသန့်ဇင် ၄၂/၃ တို့၏ လယ်မြေတို့တွင် ကြဲပက်သရုပ်ပြခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်း စသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက (၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး(၄၀-၄၅)ရက်သားအချိန်သည် နိုက်ထရိုဂျင် ထုတ်လုပ်မှု အမြင့်မားဆုံးအချိန်ဖြစ်၍ ထယ်ထိုးမြေမြုပ်ပါ၊ မြေမြုပ်ထွန်မွှေပြီး (၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်ပါသည်တို့ကို အသိပညာပေးပြောကြားပြီး တောင်သူ (၂)ဦးအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) (၉)အိတ်ထောက်ပံ့ပေးအပ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို တောင်သူ ဦးဟန်ဇော်ထွန်း ၄၀/၆၊ ဦးသန့်ဇင် ၄၂/၃ တို့၏ ကွင်းအမှတ် ၇၁၅ B၊ လယ်မြေ ၁၅ ဧကတွင် (၁)ဧကလျှင် (၄)ပြည်နှုန်းဖြင့် ပြည်(၆၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်နှင့် တောင်သူတို့က စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)