စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး

ဒေးဒရဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အလွယ်တကူ စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာကြစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသ စာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ယူဆောင်၍ အခမဲ့ ငှားရမ်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၆)ဦးအား သုတ (၆)အုပ်၊ ရသ (၇)အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)