သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေးဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက်
May 12,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် နည်းပညာပေး‌ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့ နံနက် ၉ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာများက စမ်းစုကျေးရွာနှင့်‌ ထောင်ရများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူမှုဝန်ထမ်းမူကြိုကျောင်းရှိ ကလေးငယ်များအား ကြည့်ရှုအားပေး
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းရှိ ကလေးငယ်များအား ကြည့်ရှု့စောင့်ရှောက်အားပေးကိုခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်၌ မျိုးဆက်သစ် လူငယ်လူရွယ်များနှင့် စာပေကိုချစ်မြတ်နိုးသော ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပမြို့နယ် Book Club အသင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခင်နှစ် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ ခွဲက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အတွင်း ကျင်းပသည်။
မိုင်းယောင်းမြို့ ဝမ်တွီကျေးရွာဘုန်းကြီးကျောင်း၌ သိမ်တော်ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ
May 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်တွီကျေးရွာဘုန်းကြီးကျောင်း၌ သိမ်တော်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်၊ ရဟန္တာ ၅၁ ပါးနှင့် စည်တော်ကြီးဗိမာန်အသစ် တည်ဆောက်
May 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ ဘုရားရင်ပြင်တော်ပေါ်တွင် ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ် ရဟန္တာ ၅၁ ပါးနှင့် စည်တော်ကြီး ဗိမာန်တော်များ တည်ဆောက်လျက်ရှိကြောင်း စက္ကိန်းတဲ ဘဏ္ဍာထိန်းဂေါပကဖွဲ့ထံမှ သိရသည်။
နောင်ချိုမြို့နယ် ကော်ဖီစီမံကိန်း မြေဧရိယာအကောင်ထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေကွင်းဆင်းဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကော်ဖီစီမံကိန်းမြေဧရိယာ ဧက(၅၀၀၀၀)အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ မြို့နယ်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အစုအဖွဲ့များ တောင်သူကြီးများနှင့် မေလ ၁၂ ရက် နံနက်(၉)နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။