ရှမ်းရွာသစ် ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၉၈၀၀၀၀/-) ဖြင့် အမှတ်(၁)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် အရှည်(၂၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနေ ပြည်သူများသည် နွေရာသီကာလတွင်သာ သွားလာရေးအဆင်ပြေပြီး မိုးဦးကာလရောက်လျှင် တောင်ကျရေများ စီးဆင်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိရာ ယခင်မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)