မအူပင် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် ဥပုဒ်သီလဆောက်တည်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဘုရားပွဲနှင့် သစ်သီး၊ ဆွမ်းကပ်လှူပူဇော်ခြင်း၊ ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ စတုဒိသာအာဟာရဒါနပြုခြင်းမျာကို ရပ်ကွက်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများတွင် စည်ကားစွာ ကျင်းပလျက်ရှိသည်။
မအူပင်မြို့နယ်တွင် မြို့ကျက်သရေဆောင်ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၊ မြို့ဦးပေါ်တော်မူစေတီတော်မြတ်ကြီးနှင့် စိမ်းမြကန်သာဘုရားတို့တွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိပြီး ရွှေဘုန်းမြင့်စေတီတော်ကြီးအနီးတွင် အလှူရှင်ဦးဉာဏ်ထွန်း(ခ) ဦးဒလစ်+ဒေါ်စန်းစန်းမြင့် မိသားစုက ဘုရားဖူးလာ ပြည်သူများအား ကြာဇံကြော်စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)