ငါးသိုင်းချောင်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ သိရီအောင်စေကျောင်းတိုက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ ညနေပိုင်းက မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျောင်းတိုက်ပေါင်း(၅၀)ကျော်ရှိ ရှင်သာမဏေ(၁၅၆)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲ၌ စေတနာရှင်ပြည်သူများ၊ ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ငါးသိုင်းချောင်းမြို့၊ သာမဏေငယ်စောင့်ရှောက်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရှင်သာမဏေ(၁၅၆)ပါးသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ်သိန်း(၇၀)ကျော်ဖိုး စုပေါင်းလှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)