ဝါဆိုလပြည့်နေ့ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မုဒုံ ဇူလိုင် ၁၃

၂၀၂၂ ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးနှင့် ကန်ကလေး စေတီတော်တို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရားဖူးလာ ပြည်သူများသည် စေတီတော်ရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ရေသပ္ပယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ကပ်လှူခြင်းတို့ဖြင့် လာရောက် ကုသိုလ်ယူကြသည့်အပြင် စေတီတော်အတွင်းရှိ ဆရာတော် သံဃာတော်ကြီးထံမှ သီလပေးတရား မြွက်ကြားရာ တရားနာယူသူများ၊ ဥပုဿ်စောင့်ယူသူများ၊ ကန်ကြီး မင်္ဂလာကန်တော် ကန်ပတ်လမ်းတစ်လျှောက် လာရောက် လည်ပတ် အပန်းဖြေကြသူများ၊ ငါးအစာ​ကျွေးသူများနှင့် စတုဒီသာများ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)