သတင်းများ

တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေး
May 20,2022
ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုအကျိုးပြု လုပ်ငန်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှု အကျိုးပြုလုပ်ငန်းများအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
May 20,2022
တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာ မောင်ရဲမာန် (မြဝတီ) ရေးသားသည့် “သွေးတိုးရောဂါနှင့်ပတ်သက်ပြီး ဒီ (၁၅) ချက်ကို သိပြီးပြီလား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
May 20,2022
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
လောင်းလုံးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းအခမ်းအနားကျင်းပ
May 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ (က)ရပ်ကွက်မူလတန်းကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြေပဲများ ပိုမိုစိုက်ပျိုး၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုကောင်းပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ မြေပဲသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြသည်။
ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်၍ အလှူငွေပေးအပ်
May 20,2022
ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ် ၁ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၍ အလှူငွေများပေးအပ်သည်။
မင်းလှ၌ စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက် ၁၁ နာရီချိန်က စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။