မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဌာမဆိုက်အဖွဲ့ (၈)ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှူကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် အဖွဲ့မှ လွှာဝကျေးရွာသို့ ကွင်းဆင်း၍ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။