မင်းလှ၌ စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်

မင်းလှ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက် ၁၁ နာရီချိန်က စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကစောသောင်းကြီးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒု-ဥက္ကဋ္ဌ စောရွှေသိန်းက သင်တန်းမှ ပို့ချ‌သော ကရင်စာဘာသာရပ်များကို ကလေးငယ်များအား တတ်မြောက်အောင် ပြန်လည်သင်ကြားပေးရန် ပြောကြားသည်။

ဆက်လက်၍ သင်တန်းတတ်ရောက်ခဲ့သော ကရင်စာသင်ဆရာမတစ်ဦးက ကျေး‌ဇူးတင်စကား ပြောကြား၍ သင်တန်းနည်ပြ ကရင်စာသင်ဆရာမ (၂)ဦးကို တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် တိုင်းအဆင့်နွေရာသီအဆင့်မြင့် ကရင်စာသင်ဆရာမများ မွမ်းမံသင်တန်း တတ်ရောက်ခဲ့သော မင်းလှမြို့မှ ဆရာမ (၂)ဦးက စကောကရင်စာပေ (Grade-1)၊( Grade-2) သင်ရိုးသစ်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ မေ ၁၆ ရက်မှ ၂၀ ရက်နေ့ထိ သင်ကြားပို့ခဲ့ရာ မင်းလှမြို့နှင့် မိုးညိုမြို့မှ ကရင်စာပေသင်ကြားသော ကရင်စာသင်ဆရာမ (၂၈)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)