ဖျာပုံမြို့၌ Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီး ဘက်စုံ အဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာ၊ ကွင်းအမှတ်(၄၉၉ A) ဦးပိုင် အမှတ်(၁/၁)တောင်သူ ဦးဇော်လှိုင်ထွန်း၏ လယ်မြေတွင် ပေါ်ဆန်းရင်မျိုးအား ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး ပျိုးသက်နုဖြင့်(၆)တန်း (၁)တန်းလှပ် စနစ်ဖြင့် Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။