လောင်းလုံးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းအခမ်းအနားကျင်းပ

လောင်းလုံး   မေ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ (က)ရပ်ကွက်မူလတန်းကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့်မိသားစု‌၊ စည်းကမ်းထိန်းသိမ်း‌ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့တို့ဖြင့် စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်၍ ပျဉ်းကတိုး(၃၀၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ဂန့်ဂေါ်(၁၀၀)ပင်၊ ခရေ(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ စုစုပေါင်း (၁၀၀၀)ပင်အား စိုက်ပျိုးကြကြောင်း သိရသည်။

လောင်းလုံး(ပြန်/ဆက်)