သတင်းများ

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများပြုလုပ်
Jul 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အားဇာနည်နေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 14,2022
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုဇွန်တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်
စစ်တွေမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်
Jul 14,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ‌စစ်တွေခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ကို စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ၃ ရက်ကြာဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)၏ (၆၂)နှစ်မြောက် ဝိဇာတ(မွေးနေ့) အလှူတော် မင်္ဂလာအထိမ်းအမှတ် ကွန်ကရစ်လမ်းများဖွင့်လှစ် ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖူးမြော် ကြည်ညို
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်၏ (၆၂)နှစ်မြောက်ဝိဇာတ (မွေးနေ့) အလှူတော်မင်္ဂလာအထိမ်းအမှတ် ကွန်ကရစ်လမ်းများဖွင့်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ကလေးပရိယတ္တိ စာသင်တိုက် ပရဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြသည်။
ရွှေဘိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကြိုတင်ကာကွယ် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်                          ရွှေဘိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Jul 14,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့တွင် ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show  ကို ယ‌နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ချောက်မြို့ အမှတ်(၂)အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 14,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအထက်တန်း​ကျောင်း၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသ​ခြင်းကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က ယင်း​ကျောင်းရှိစွယ်​တော်ခန်းမ၌ ကျင်းပခဲ့သည်။
မူဆယ်မြို့ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  မွေးမြူတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှုပ်ရှားမှုကို တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပသည်။
ဗိုလ်တထောင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မိုးရာသီကာလ၌ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်(၉)နာရီက ဆိပ်ကမ်းရဲရိပ်သာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။