မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာ နောက်ဆက်တွဲသင်တန်းဖွင့်လှစ်
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်အခြေခံမူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဈေးတန်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။