သတင်းများ

ဘားအံမြို့နယ်တွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Jul 17,2022
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု၌ ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ‌‌‌ဒေါက်တာစောဖောင်ဟိ၊ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာ‌ရေးလုပ်သားများ ပူးပေါင်း၍ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောခြင်း၊ အသိပညာ‌ပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချောင်းဆုံမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ  ရက်သတ္တပတ်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်
Jul 17,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အစီစဉ်ဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ မြို့နယ်    (မွေေး/ရေး) ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရီဦးဆောင်ပြီး
ဟိုင်းကြီးကျွန်းမြို့၌ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်ဌာနဆိုင်ရာများ ကြည့်ရှုစစ်ဆေး
Jul 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Softwareအသုံးပြု၍ ရေးသွင်းနည်းသင်တန်းဒိုက်ဦး၌ဖွင့်လှစ်
Jul 17,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်၈နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များအား Softwareအသုံးပြု၍ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲအား ကျောက်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မတွင်ပြုလုပ်
Jul 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂)မြို့မ ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃) နာရီအချိန်က အဆိုပါကျောင်းရှိ ပညာဝတီ ခန်းမတွင် ကျင်းပပြုလုပ်သည်။
မင်္ဂလာဒုံမြို့နယ်၌ မြောက်ပိုင်းခရိုင်ကြက်ခြေနီအသင်းနှင့်မင်္ဂလာဒုံကြက်ခြေနီတပ်ဖွဲ့တို့မှ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Jul 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ဧကရာဇ်ရပ်ကွက်၊ နာရေးကူညီမှုရုံး၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြောက်ပိုင်း ခရိုင်ကြက်ခြေနီအသင်းနှင့်
ပင်လောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင် ပုံတူပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Jul 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်
Jul 17,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေးဆောင်ရွက်နေသည့် ပြည်သူများ တနိုင်တပိုင်မွေးမြူထားရှိသည့် မွေးမြူ တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလာပါက ကူးစက်ပျံနှံ့မှုကို အချိန်မီထိန်းချုပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မွေးမြူတိရစ္ဆာန်များ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မှုံပြာကျေးရွာရှိ နွားမွေးမြူရေးခြံများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။