မင်္ဂလာဒုံမြို့နယ်၌ မြောက်ပိုင်းခရိုင်ကြက်ခြေနီအသင်းနှင့်မင်္ဂလာဒုံကြက်ခြေနီတပ်ဖွဲ့တို့မှ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ

မင်္ဂလာဒုံ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ဧကရာဇ်ရပ်ကွက်၊ နာရေးကူညီမှုရုံး၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြောက်ပိုင်း ခရိုင်ကြက်ခြေနီအသင်းနှင့် မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ထောက်ကြန့်မြို့ နာရေးကူညီမှုအသင်းနှင့် မင်္ဂလာဒုံမြို့နယ်၊ နာရေးကူညီမှုအသင်းသို့PPE ဝတ်စုံ(၁၅၀)ထည်နှင့် ဘော်ဒီအိတ် (အလောင်းထည့်သည့်အိတ်) (၁၀)အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် နာရေးကူညီမှုအသင်း(ထောက်ကြန့်မြို့)  မင်္ဂလာဒုံမြို့နယ်မှ အသင်းဥက္ကဌ ဦးလှမြင့်၊ ဒုတိယဥက္ကဌ ဦးသန်းဝင်းနှင့် အတွင်းရေးမှူး ဦးထွန်းမြင့်တို့မှ အသီးသီးလက်ခံခဲ့ကြကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် နောင်တွင် ဆက်လက်လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)