ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု၌ ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစောဖောင်ဟိ၊ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်း၍ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ရာတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပတ်သတ်၍ မွေးမြူရေးခြံပိုင်ရှင်များအား တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်သည့် ကျွဲနွား ခွာနာလျှာနာရောဂါ၊ အရေးပြားအကျိတ်နာရောဂါ၊ အာဖရိက ဝက်အပြင်းဖျား ရောဂါစသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ကျွဲနွား ခွာနာလျှာနာ၊ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ် လက်ပုပ် ရောဂါကာကွယ်ဆေးများထိုးနှံပေးလုပ်ငန်းများကို ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိရသည်။
ခရိုင်ပြန်/ဆက်