ချောင်းဆုံမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ  ရက်သတ္တပတ်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဇူလိုင်  ၁၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အစီစဉ်ဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ မြို့နယ်    (မွေေး/ရေး) ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရီဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများတို့က တိရစ္တာန်ရောဂါကာကွယ်တားဆီးရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်‌ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာအေးမင်းက ကျွဲးနွားအရေပြား အကျိတ်နာရောဂါနှင့် ပတ်သက်သည့် ပိုစတာစိုက်ထူခြင်းပညာပေးဟောပြောခြင်း ရေားဂါလက္ခဏာများ ကူးစက်ပျံ့နှံ့ပုံ ကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့သည်၊၊ ထို့နောက်မွေးမြူရေးခြံများသို့ သွားရောက်ပြီး အာဖရိက ဝက်အပြင်းဖျားရောဂါ (ကျွဲ၊ နွား)တွင်ဖြစ်ပွားတတ်သည့် ခွါနာလျှာနာ၊ ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးခဲ့ကြောင်း ချောင်းဆုံမြို့နယ်တွင်တိရစ္ဆာန်များ ရောဂါဖြစ်ပွားမှုကျဆင်းခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနအနေဖြင့်လည်း အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အဆိုပါအဖွဲ့များက ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်၊၊

ချောင်းဆုံ(ပြန်/ဆက်)