ပင်လောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင် ပုံတူပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ပင်လောင်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းကပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပုံတူပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအလယ်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲကို အ.ထ.က(၁)ပင်လောင်း၊ အ.ထ.က(၂)ပင်လောင်း၊ အ.လ.က(ခွဲ)အရှေ့ရပ်မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခွန်ရဲမင်းပိုင်