လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Softwareအသုံးပြု၍ ရေးသွင်းနည်းသင်တန်းဒိုက်ဦး၌ဖွင့်လှစ်

ဒိုက်ဦး ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်၈နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များအား Softwareအသုံးပြု၍ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်သည်။

အဆိုပါဆင့်ပွားသင်တန်းသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင်ဦးတင်ထွဋ်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုအင်အားဦးစီးဌာန ဦးစီးမှူး

ဦးကျော်စိုးမိုးနှင့် ဌာနဆိုင်ရာမှ သင်တန်းသူ/သင်တန်းသား (၄၀) ဦး တက်ရောက်ခဲ့ကြပြီး အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား Computer Software ရေးသွင်းနည်းများ သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)