ကျိုက်လတ်၌ ဘုန်းတော်ကြီးကျောင်းများ၊ဘုရား၊စေတီ၊သာသနိက အဆောက်အဦများ၊ စျေးများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးကြည်ရှုစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊စေတီ၊ သာသနိကအဆောက်အဦများ၊ စျေးများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှစ၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ၊ စျေးများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဦးသီဟစိုး ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများသည် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့မဈေး၊ အောင်မြင့်မိုရ်ဈေး၊ ဗုဒ္ဓတက္ကသိုလ်တို့၌ ဓာတ်အားလိုင်းများ အားလျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှုရှိ မရှိ၊ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေးအတွက် LED ဝပ်အားနည်းမီးသီးများ ပြောင်းလဲသုံးစွဲထားခြင်း ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကိုလည်းခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)