ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ရေး အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆) များအား Software ပုံစံရေးသွင်းခြင်းလုပ်ငန်းအဆင့်ဆင့် ရှင်းလင်း ဆွေးနွေးခြင်း၊ ဌာနဆိုင်ရာများအား ကွန်ပျုတာစာရိုက်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးနှင့် ကွန်ပျုတာလိုအပ်ချက်များ ကူညီပေးကြရန်နှင့် သတ်မှတ်ရက်မတိုင်မီ ပြီးစီးအောင် ရိုက်သွင်း ရမည်ဖြစ်ပြီး အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်လဝကမှူး ဦးမျိုးမြင့်က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ များအား Computer Software Program ရိုက်သွင်းခြင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ် သည့်အတွက် ယခုကဲ့သို့ ဌာနဆိုင်ရာများသို့ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေမျိုးအောင်မှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)