ပေါင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့် ရိုက်သွင်းဆောင်ရွက်

ပေါင် ဇူလိုင် ၁၉

ပေါင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့် ရိုက်သွင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဝါရီရူခန်းမ၌ စတင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ကျော်နိုင်ဦး၏ ဦးဆောင်မှုဖြင့် မြို့နယ် ထွေ/အုပ်၊ လဝက၊ ပညာရေး၊ ကျေးလက်၊ စည်ပင် စသည့်ဌာနဆိုင်ရာများက ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

Software Program သို့ထည့်သွင်းရာတွင် ကွန်ပျူတာကျွမ်းကျင်သူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ (၂)ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ(၈)ဦး၊ စုစုပေါင်း ကွန်ပျူတာ ကျွမ်းကျင်သူ (၁၀)ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြို့နယ်လဝကမှ တိုက်နယ်မှုးများ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် အိမ်ထောင်စု (၇၄၃)စု နှုန်းဖြင့် အိမ်ထောင်စု (၄၄၆၀) စုအား ရက်(၆၀) အတွင်း စာရင်းသွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)