သတင်းများ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Jan 17,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသောအတွေးများ (၃)”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် အ.လ.က (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသ
Jan 17,2025
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။
ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြ
Jan 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာတို့ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက သရက်တောရပ်ကွက်၊ သရက်တောအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ ရသစုံလင်သည့် စာအုပ်၊ စာစောင်များအား (အခမဲ့) လိုက်လံငှားရမ်းပေး
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်နှင့်ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍  နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်ဆေးကုသပေးလျက်ရှိရာ ဒေသခံပြည်သူများမှကြိုဆိုနှုတ်ဆက်
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်တွင်းသွားဆေးရုံရေယာဥ် “ရွှေပုဇွန်”ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မလတ်တိုကျေးရွာ အောင်ကျိုက္ခမီ ဘုန်းတော်ကြီးကျောင်း၌အခြေပြုလျက် ဒေသခံပြည်သူများအား လာရောက်ဆေးကုသ ပေးမည်ဖြစ်ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၄ နာရီက တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 17,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၁၀ နာရီက တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ MHPSS Advisor တို့တွေ့ဆုံ
Jan 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းမှ MHPSS Advisor ဖြစ်သူ Ms. Patricia Carolina Guadelupe Dumazert တို့သည် ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့သည်။