မုံရွာမြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီးယားနှင့်အီးအမ်အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ်ခြင်းအသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jan 17,2025
စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ဆွေနှင့်အတူ တိုင်းမြေအသုံးချရေးဌာနခွဲရှိ တာဝန်ခံနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက မုံရွာမြို့နယ် အလုံရှိ နွေစပါးရိုးပြတ်စိုက်ခင်းများသို့ ရောက်ရှိပြီး ကောက်ရိုး၊ ရိုးပြတ်များ မီးရှို့ဖယ်ရှားခြင်းကြောင့် ထွက်ရှိလာမည့် မီးခိုးမြူငွေ့လျော့ချရေးကို ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင် လေထု၊ ရေထု ညစ်ညမ်းမှုဆိုးကျိုးများကို သက်သာစေရန်၊ မြေဆီလွှာအတွင်း တဖြည်းဖြည်းယုတ်လျော့နေသော သဘာဝမြေဆွေးဓာတ်ကို ပြန်လည် တိုးပွားလာစေပြီး စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်စေရေး တည်ဆောက်နိုင်စေရန်တို့အတွက် ရည်ရွယ်ပြီး မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီးယားနှင့်အီးအမ် အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ်ခြင်း အသိပညာပေးလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။