သတင်းများ

ခရမ်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အရွယ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၅)နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား/သူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ပထမအကြိမ်အဖြစ် ထိုးနှံပေးနေကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ပေါ်ရပ်ကွက်များအတွင်း အမှိုက်များသိမ်းဆည်းပေး
Jun 15,2022
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများမှ မီးဖိုချောင်မှထွက်ရှိသည့်အမှိုက်များကို သိမ်းဆည်းပေးလျက်ရှိရာ ယမန်နေ့က စည်ပင်သာယာ ရပ်ကွက်၌လည်းကောင်း၊ ယနေ့တွင် မြို့မရပ်ကွက်၌လည်ကောင်း သိမ်းဆည်းပေးကြောင်း သိရသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 15,2022
မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ
မိုးကောင်းမြို့၌ ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩ
Jun 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများ၌ ရေအနည်းငယ် ဝင်ရောက်မှုကြောင့် မြို့နယ်မီးသတ်စခန်းမှ ယနေ့ နံနက်(၁၀)နာရီတွင် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်
Jun 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ က ကန်စုကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးခဲ့ ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)သင်တန်းဆင်းပွဲ ကျင်းပ
Jun 15,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ(၁)နာရီအချိန်က မူလတန်းကြို​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဒလမြို့နယ် တိုင်းရင်းဆေးကုသရေးဌာနမှ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းအသိပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ထော်အောက်ကျေးရွာသို့ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကုသပေးခြင်း (အခမဲ့) ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံစာစောင်များ ပြသ
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေ ကျောင်းသား/သူများ ကျောင်းစာအပြင် အသိပညာ၊ ဗဟုသုတများ တိုးပွား ရရှိစေရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် အသိပ‌ညာပေး နံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။