ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)သင်တန်းဆင်းပွဲ ကျင်းပ

ရွှေဘို ဇွန် ၁၅

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ(၁)နာရီအချိန်က မူလတန်းကြို​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့လဲ့ကအမှာစကား​ပြောကြားရာတွင်သင်တန်းသား/သူများအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆက်လက်လေ့လာသွားကြရန်နှင့် သင်ကြားမှု၏ အဓိကအချက်များ၊  ဆရာ၊ ဆရာမများ၏ကျင့်ဝတ်များကို အလေးထားလိုက်နာသွားကြစေလိုကြောင်း၊ မူကြိုကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးခြင်းသည် နိုင်ငံတော်အတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည်ဖြစ်၍ အလေးထား လုပ်ဆောင်သွားကြရန်ပြောကြားခဲ့​ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းသူများမှ ECCD သီချင်း၊ မူလတန်းကြိုကျောင်းသီချင်း၊ က​လေးဖွံ့ဖြိုးမှု့ဆိုင်ရာလှုပ်ရှားမှု့ အစီအစဉ်တို့ဖြင့် သီဆိုဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီး လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြား​ရေးမှုးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဂါရဝပြု နှုတ်ဆက်သီချင်းများကို သီဆိုမှုနှင့် သင်တန်းခန်းမတွင် ခင်းကျင်းပြသထားသော သင်တန်းဆင်းများ၏ လက်ရာများကို ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား (၂၅.၅.၂၀၂၂)မှ (၁၄.၆.၂၀၂၂)​နေ့ထိ (၂၁)ရက်တာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို​ကျောင်းဆရာ/ဆရာမများအတွက် အသက်(၃)နှစ်မှ (၅)နှစ်၊​​​ ရှေးဦးအရွယ် က​လေးသူငယ်ပြုစုပျိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အ​​ခြေခံဘာသာရပ်များ သင်ကြားပို့ချ​​ပေးပြီး သင်တန်းသား/သူ(၃၀) ဦးရှိကြောင်းသိရသည်၊၊

ခရိုင် (ပြန်/ဆက်)