ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံစာစောင်များ ပြသ

ဆိပ်ကြီးခနောင်တို ဇွန် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေ ကျောင်းသား/သူများ ကျောင်းစာအပြင် အသိပညာ၊ ဗဟုသုတများ တိုးပွား ရရှိစေရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တိုခန်းမတွင်  အသိပညာပေး နံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်များပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လက်ရှိ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဆိုင်ရာ ကိစ္စရပ်များ၊ မိုးရာသီတွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်ပနိုင်ငံများတွင် လတ်တလောကူးစက်ဖြစ်ပွားနေသည့်  မျောက်ကျောက် (Monkey pox) ရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများကို မှတ်တမ်းဓာတ်ပုံ၊ အချက်အလက်များဖြင့် နံရံကပ်စာစောင် ပြုလုပ်ပြသခဲ့ရာ လာရောက် ကြည့်ရှုကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)