ဂန့်ဂေါ ဇွန် ၁၅
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများမှ မီးဖိုချောင်မှထွက်ရှိသည့်အမှိုက်များကို သိမ်းဆည်းပေးလျက်ရှိရာ ယမန်နေ့က စည်ပင်သာယာ ရပ်ကွက်၌လည်းကောင်း၊ ယနေ့တွင် မြို့မရပ်ကွက်၌လည်ကောင်း သိမ်းဆည်းပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ “အဖွဲ့ပိုင်ကားနဲ့ မီးဖိုချောင်အမှိုက်များကို ရပ်ကွက်များအလိုက် အလှည့်ကျသိမ်းဆည်းပေးတာပါ၊ အမှိုက်ကား ရောက်ရှိနေပါပြီ၊ မီးဖိုချောင်အမှိုက်များ ကို လာရောက်စွန့်ပစ် နိုင်ကြပါပြီလို့ အသံချဲ့စက်နဲ့ကြေညာပေးပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။
မီးဖိုချောင်မှထွက်ရှိသောအမှိုက်များ၊ စီးပွါးရေးလုပ်ငန်းများမှ ထွက်ရှိသောအမှိုက်များကို အလှည့်ကျ သိမ်းဆည်းပေးနေခြင်းဖြစ်၍ သိမ်းဆည်းအမှိုက်များကို မြို့နှင့် ၁ မိုင်ကျော်ခန့် ဝေးကွာသည့် အမှိုက်ကျင်းသို့ စနစ်တကျစွန့်ပစ်ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဖုန်း ၀၆၂ - ၅၀၀၃၂ သို့ ဆက်သွယ်နိုင်ကြ ကြောင်း သိရသည်။
တောင်သားမောင်သန်း