မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုံရွာ ဇွန် ၁၅

မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက  မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင်  မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ယုယုဝင်းက  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး  မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာအောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခွင့်အရေးများနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ်က “စားသုံးသူနစ်နာမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို”လည်းကောင်း  အသေးစိတ် ရှင်းလင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ကြုံလာရပါက တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၇၁-၂၁၀၂၀၊ ၀၇၁-၂၁၁၅၉သို့ ဖြစ်စေ၊ Online မှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center 1535(MPT-09-765481535)သို့ မေးမြန်းတိုင်ကြားနိုင်ကြောင်းနှင့် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေးဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းများပါသော  အသိပညာပေး လက်ကမ်းစာစောင် (၃၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

ခရိုင် (ပြန်/ဆက်)