ဒလ ဇွန် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ထော်အောက်ကျေးရွာသို့ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကုသပေးခြင်း (အခမဲ့) ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မြို့နယ်လက်ထောက်ဆေးမှူး ဒေါ်ညိုညိုသင်းနှင့် အဖွဲ့က ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို ရှေ့ရှု့၍ ထော်အောက်ကျေးရွာရှိ ပြည်သူ (၃၀) ဦးကို တိုင်းဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အကြောတက်ရောဂါ၊ ဒူးနာ၊ ခါးနာ ရောဂါ၊ ဇက်ကျီးပေါင်း၊ လေငန်းလေဖြတ်ရောဂါ အာရုံကြောအားနည်းခြင်း၊ အဆစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အနာပေါက်ရောဂါ စသည်တို့ကို (အခမဲ့) ကုသပေးခဲ့ကြောင်း သိရသည်။
သီတာဝင်း(IPRD)