ခိုလမ်မြို့၊ အခြေခံပညာကျောင်းများ၌  အသက်(၅)နှစ်မှ အသက်(၁၂) နှစ်အထိနှင့် အသက်(၁၃)နှစ် အထက် ကာကွယ်‌ဆေးမထိုးနှံရသေးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ခိုလမ်  ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌  အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိနှင့် အသက်(၁၃)နှစ်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က (ခိုလမ်)ကျောင်း၊ မူလွန်(ဝမ်းဖွီး)ကျောင်းနှင့် မူလွန်(မက်မွန်လောင်း)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအားအသက်(၅)နှစ်မှ အသက်(၁၂)အထိနှင့် အသက်(၁၃)နှစ် အထက် ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသော အ.ထ.က(ခိုလမ်)ကျောင်းတွင် ကျောင်းသား (၃၁၆)ဦးနှင့် ကျောင်းသူ(၃၁၂)ဦး‌ စုစုပေါင်း(၆၂၈)ဦး၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် ကျောင်းသား (၁၀၀)ဦးနှင့် ကျောင်းသူ(၁၂၀)ဦး စုစုပေါင်း(၂၂၀)ဦးနှင့် မူလွန်(မက်မွန်လောင်)ကျောင်းတွင်‌ ကျောင်းသား(၃၂)ဦးနှင့် ကျောင်းသူ(၂၈)စုစုပေါင်း(၆၀) ဉီးတို့ကိုကာကွယ်‌ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။‌ယနေ့ ကျောင်းသား‌/ကောင်းသူစုစုပေါင်း(၉၀၈)ဦးထိုးနှံပေးခဲ့ပြီး‌ နောက်ဆက်တွဲ လက္ခဏာများ ရှိ/မရှိ နာရီဝက် စောင့်ကြည့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ  ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်ကျန်းမာရေးဌာန ဒေါက်တာခွန်ကျော်လင်းနှင့် ကျန်းမာ‌ရေးဝန်ထမ်းများမှ စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး မြို့အုပ်ချုပ်‌ရေးမှူး  ဦး‌အောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

နေလင်းထွန်း(ခိုလမ်)