တနင်္သာရီမြို့နယ် စာစစ်ဌာန(၃)ခု၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
၂၀၂၂ခုနှစ်၊မတ်လ၃၁ရက်နေ့မှစ၍ ကျင်းပခဲ့သည့် ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ၁၇ရက် နံနက် ၆နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိစာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း အထက-တနင်္သာရီ၊ အထက-ညောင်ပင်ကွင်းနှင့်အထက-မော်တုန်း စသည့်စာစစ်ဌာန(၃)ခုနှင့်မြို့နယ်ပညာရေးမှူးရုံး ကြော်ငြာသင်ပုန်းများတွင်လည်း ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။