မိတ္ထီလာမြို့နယ်ရှိစာစစ်ဌာနများ၌  ၂ဝ၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

မိတ္ထီလာ ဇွန် ၁၇

မိတ္ထီလာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌  ၂ဝ၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန (ကျောင်း)များတွင် ဇွန်လ ၁၇ရက်နေ့နံနက်၆နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းက စာစစ်ဌာန(ကျောင်း)များမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့မနက်၆ နာရီအချိန်က စတင်ပြီးထုတ်ပြန်ကြေညာပေးထားပါတယ်။ အထက(၁)၊ အထက(၂)၊ အထက(၃) အထက(၄)၊အထက(၅)၊အထက (ရေချို)၊အထက(ရေဝေ)၊အထက (အလည်ရွာ)စတဲ့ မြို့နယ်အတွင်းက စာစစ်ဌာနတွေမှာ နိုင်ငံတဝန်းက  စာစစ်ဌာနများနည်း တူ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးတာဖြစ်ပါတယ်။ တစ်မြို့နယ်လုံးအတွက် အောင်ချက်ရာခိုင်နှုန်းအနေနဲ့ သီးသန့်တွက်ချက်တာမျိုး ဒီနှစ်မရှိပေမယ့် မန္တလေးတိုင်းဒေသကြီးအနေနဲ့ ဖြေဆိုသူ ဦးရေ ၃၃၅ ၄၈ ဦး ၊ အောင်မြင်သူဦးရေ ၁၆၇၄၇ ဦး ၊   အောင်ချက်ရာခိုင်နှုန်း ၄၉.၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်ဟု မြို့နယ်ပညာရေမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မြို့နယ်အတွင်းရှိ စာစစ်ဌာန(ကျောင်း)များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာထားမှုကို လူကိုယ်တိုင်လာရောက်ကြည့်ရှု့ကြသူများရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website စာမျက်နှာ www.myanmarexam.org မှ စာမေးပွဲအောင်စာရင်းကြည့်ရှုသူများလည်းရှိကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပြည်နယ်၊ တိုင်း ဒေသကြီးနှင့် နိုင်ငံရပ်ခြားမှ ဖြေဆိုသူစုစုပေါင်း ၂၈၁၇၅၁ ဦး ၊ အောင်မြင်သူ ၁၃၂ဝ၇၇ ဦး နှင့်     အောင်ချက်ရာခိုင်နှုန်း ၄၆.၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ချမ်းသာ