ရှမ်းရွာသစ် ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများဗဟုသုတတိုးပွားစေရန် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်း၊ ဓာတ်ပုံပြသဆောင်ရွက်ခြင်းနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာ စောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား/သူလူငယ်လူရွယ်လေးများအား မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းကို အသိပညာပေးဟောပြောပြီးနောက် စာကြည့်တိုက်တွင်စာအုပ်များ လာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိ ပညာဗဟုသတများ ရရှိစေရန်ရည်ရွယ်၍ ကလေးစာပေနှင့် ပတ်သက်သည့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရ သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)